ငလျင်ဒဏ်သင့်‌ဒေသများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ် ခံစားနေရသည့် ပြည်သူများအနေဖြင့် အိမ်ခြေများ ပျက်စီးဆုံးရှုံးခြင်းနှင့် အစားအစာ ၊ ရေ ရရှိရန် ခက်ခဲခြင်းစသည့် အခက်အခဲများကို ရင်ဆိုင်နေရဆဲဖြစ်ပါသည်။
မန္တလေးနှင့် အနီးတစ်ဝိုက်မြို့များရှိ ပြည်သူများသည် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန်ကိုသာ ကြိုးစားနေကြရပြီး အစားအသောက်များကိုလည်း လိုအပ်လျက်ရှိပါသည်။ ထို့ကြောင့် Yoma Group ဆန်၊ ဆီနှင့် အခြား အသင့်စားနိုင်သော အစားအစာများကို နောက်တစ်ကြိမ် ထပ်မံပေးပို့ခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ YKKO အဖွဲ့မှလည်း ကြေးအိုးများကို ဖြန့်ဝေပေးခဲ့ပါသည်။
ငလျင်ဒဏ်သင့်‌‌‌ဒေသများတွင် အခြေအနေအရပ်ရပ်မှာ ခက်ခဲနေဆဲဖြစ်ပြီး လူအများစုမှာ လျှပ်စစ်မီးနှင့် သန့်ရှင်းသောရေကို အကန့်အသတ်ဖြင့် ရရှိနိုင်သည့် ယာယီခိုလှုံရာနေရာများတွင် နေထိုင်နေကြရပါသည်။ ထို့ကြောင့် Yoma Group အဖွဲ့ဝင်များသည် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် အကူအညီလိုအပ်သည့် မိသားစုများထံသို့ အထောက်အပံ့များ ရောက်ရှိရန် ကြိုးပမ်းလျက်ရှိပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရန် Yoma Land ရှိ အင်ဂျင်နီယာများသည် ပြည်တွင်းအဖွဲ့အစည်းများ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်များနှင့် ပူးပေါင်း၍ အဆောက်အဦများ၏ ဘေးကင်းရေးနှင့် ခံနိုင်ရည်ရှိမှုများကို ဝိုင်းဝန်းစစ်ဆေးလျက် ပြည်သူများ ဘေးကင်းစွာ ပြန်လည်နေထိုင်နိုင်ရန် ကူညီပေးလျက် ရှိပါသည်။
ထို့အပြင် ကျွန်ုပ်တို့၏ Wave Money အဖွဲ့မှ မန္တလေး၌ ငွေထုတ်ခြင်းနှင့် ငွေလွှဲဝန်ဆောင်မှုများကို သက်ဆိုင်ရာအေးဂျင့်များနှင့် ချိတ်ဆက်ကာ အခမဲ့လုပ်ဆောင်ပေးလျက်ရှိပြီး ‌‌‌‌ဒေသခံပြည်သူများမှ ငွေကြေးဆိုင်ရာအထောက်အပံ့များကို ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်စေရန် Mobile Wave Care Center ကိုလည်း စတင်ခဲ့ပါသည်။ အခမဲ့ ငွေထုတ်ခြင်းနှင့် ငွေလွှဲဝန်ဆောင်မှုများကို စစ်ကိုင်း ၊ နေပြည်တော် ၊ အောင်ပန်း ၊ ညောင်ရွှေနှင့် ကလောတို့တွင်လည်း လုပ်ဆောင်ပေးလျက်ရှိပါသည်။
ခက်ခဲသည့် အခြေအနေများအောက်တွင် ကယ်ဆယ်ရေးပစ္စည်းများ ၊ စားသောက်ကုန်များကို သယ်ယူပို့ဆောင်ပေးခြင်း ၊ ဖြန့်ဖြူးခြင်းနှင့် အခြားစီစဥ်ဆောင်ရွက်မှုများတွင် အဖက်ဖက်မှ တက်ကြွစွာ ပါဝင်ကူညီပေးခဲ့ကြသည့် Yoma Fleet ၊ Yoma Motors ၊ YKKO ၊ Wave Money၊ Yoma Land နှင့် Yoma Heavy Equipment တို့မှ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးတင်ရှိပါသည်။