မန္တလေးတွင် ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများဖြင့် ကူညီဆောင်ရွက်ပေးခြင်း
Yoma Fleet မှ သူရအောင် (Senior Manager) နှင့် ဘုန်းမိုကေ (Senior Business Development Associate) တို့အဖွဲ့သည် ငလျင်ဖြစ်ပွားပြီးနောက် မန္တလေးတွင် ပြုလုပ်သည့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင်ကူညီခဲ့ပါသည်။
ဧပြီလ ၁ ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိပြီး မိသားစု ၇၀၀ ကျော်ထံသို့ လိုအပ်သည့် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် အဝတ်အစားများကို ပေးအပ်နိုင်ခဲ့ပါသည်။ ဧပြီလ ၂ ရက်နေ့တွင် မန္တလေးမြို့၏ တောင်ဘက် ၁၁ ကီလိုမီတာ ခန့်အကွာရှိ အမရပူရမြို့နယ်သို့ ဆက်လက်သွားရောက်ကာ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မိသားစု ၅၅၀ ကျော်ကိုလည်း ကူညီခဲ့ပါသည်။
လမ်းပန်းဆက်သွယ်ရေး ပျက်စီးမှုများကြောင့် သွားလာရန် အခက်အခဲများ ရှိနေသေးသော်လည်း ငလျင်ဒဏ်သင့်ပြည်သူများအနေဖြင့် ကူညီထောက်ပံ့မှုများကို လိုအပ်နေဆဲဖြစ်ပါသည်။ အထူးသဖြင့် သောက်သုံးရေ ၊ အစားအစာ ၊ ဆေးဝါး ၊ အဝတ်အစား ၊ လက်သန့်ဆေးရည် ၊ ဆိုလာမီးအိမ် နှင့် mask တို့ကို လိုအပ်လျက် ရှိပါသည်။