ရိုးမလုပ်ငန်းစုမှ ငလျင်ဘေးဒဏ်သင့် ဒေသများတွင် ဆက်လက်ကူညီပံ့ပိုးလျက်ရှိ
ငလျင်ပြီးနောက် သီတင်းပတ် ၂ ပတ်ကျော် ကြာခဲ့ပြီဖြစ်သော်လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်များသည် တိတ်ဆိတ်မှုအပြည့်ဖြင့် ဒေသခံပြည်သူများကို ကူညီပံ့ပိုးနေဆဲဖြစ်ပါသည်။ သန့်ရှင်းသောရေ ၊ အစားအစာများ နှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးပစ္စည်းများကို လိုအပ်သည့် နေရာဒေသများသို့ ပေးပို့လျက် ရှိပါသည်။
ပြီးခဲ့သည့်အပတ်တွင် ရိုးမလုပ်ငန်းစုနှင့်အတူ ၎င်း၏ လုပ်ငန်းဌာနာများသည် ဆန်အိတ်ပေါင်း ၂,၀၀၀ ကျော် ၊ ဆီဘူးပေါင်း ၂,၀၀၀ ၊ သောက်ရေသန့်များ ၊ အခြားအသင့်စား အစားအစာများအပြင် ခြင်ထောင် ၁,၂၀၀ ၊ စောင် ၁,၂၀၀ ၊ အခင်း ၁,၀၀၀ ၊ အဝတ်အထည်ပေါင်း ၂,၀၀၀ နှင့် ဆိုလာမီးအိမ် တို့ကို အကူအညီလိုအပ်နေသည့် ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ပါသည်။
ရိုးမလုပ်ငန်းစု၏ လုပ်ငန်းဌာနများဖြစ်ကြသည့် Yoma Bank Limited, Yoma Fleet, Yoma Heavy Equipment, Yoma Land – Myanmar’s Leading Real Estate Developer, Yoma Motors (Volkswagen Myanmar နှင့် Mitsubishi Motors Myanmar) တို့၏ ဝန်ထမ်းများမှ လုပ်အားပေး ပါဝင်ကူညီပေးကြသည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်၏ ခရီးလမ်းမှာ ရှည်လျားသည့်အလျောက် ရိုးမလုပ်ငန်းစုအနေဖြင့် ငလျင်ဒဏ်သင့် ပြည်သူများနှင့်အတူ ဆက်လက်လျှောက်လှမ်းသွားမှာ ဖြစ်ပါသည်။