ပန်းလှိုင်ဆေးရုံသည် ဒေသခံပြည်သူများနှင့်အတူ ရပ်တည်လျက် ကျန်းမာရေးစောက်ရှောက်မှုများ ပေးလျက်ရှိ

April 8, 2025 ဒီငလျင်က ကျွန်မတို့တွေရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်ခဲ့တဲ့အလျောက် ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာ အကြင်နာတရားတွေကိုလည်း ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ကျွန်မတို့ဆေးရုံအဖွဲ့များ အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးရုံသာမက ထိခိုက်ဆုံရှုံးနစ်နာခဲ့ရသူတွေ ခွန်အားဖြစ်စေဖို့ သူတို့နဲ့အတူ ရပ်တည်ပေးလျက်ရှိပါတယ်။ ကျွန်မတို့အတွက်တော့ အခုလို လုပ်ဆောင်ခြင်းဟာ လူ့အဖွဲ့အစည်းကို အကျိုးပြုနေခြင်းပဲ ဖြစ်ပါတယ်။” — ဒေါက်တာ ဇော်ဝင်းစန္ဒီ (လုပ်ငန်းအမှုဆောင် အရာရှိချုပ်၊ Pun Hlaing Hospitals)ယာယီအမိုးအကာများ ဆောက်လုပ်ပြီး ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများဖြင့် အကူအညီလိုအပ်နေသူများကို ကူညီပေးနေသည့်အပြင် ပန်းလှိုင်ဆေးရုံအဖွဲ့များအနေဖြင့် ဒေသခံအဖွဲ့အစည်းများနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။မန္တလေးရှိ ကန်တော်နဒီ ကယ်ဆယ်ရေးစခန်းတွင် ပန်းလှိုင်ဆေးရုံမှဆရာဝန်များနှင့် သူနာပြုများသည် ထိခိုက်ဒဏ်ရာ ရရှိသူများ ၊ နာတာရှည်ရောဂါ ရှိသူများကို လိုအပ်သည့် ကုသမှုများပေးနေသည့်အပြင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကိုလည်း အခြေခံကျန်းမာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးလျက်ရှိပါသည်။ […]
Pun Hlaing Hospitals stand with our communities, delivering care and compassion after the earthquake.

April 8, 2025 This earthquake has tested the strength of our people, but it has also revealed the depth of our compassion. Our teams are not just providing care; they’re showing up every day with quiet strength, standing beside those who have lost so much. This is what it means to serve our community,” @Dr. […]