Memories Group မှ ငလျင်ဒဏ်သင့်ဒေသများ၏ ကူညီပံ့ပိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်

April 10, 2025 Memories Group အနေဖြင့် ကူညီပံ့ပိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ငလျင်ဒဏ်သင့် ဒေသများဖြစ်သည့် ပျော်ဘွယ်၊ မန္တလေးနှင့် စိန်ပန်းဒေသများကို အဓိကထား ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ဒေသခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လှည့်လည်ကုသရေးဆေးခန်း (mobile clinic) များဖွင့်၍ လူနာများကို ကြည့်ရှုစောင့်ရှောက်ပေးခြင်း ၊ ကယ်ဆယ်ရေးအဖွဲ့များထံ ဘေးကင်းလုံခြုံရေးဆိုင်ရာ အထောက်အကူပစ္စည်းများ ပေးခြင်းအပြင် ထောက်ပံ့ရေးပစ္စည်းများကိုလည်း လိုအပ်နေသည့် နေရာများသို့ စနစ်တကျ ရောက်ရှိနိုင်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ရိုးမလုပ်ငန်းစု၏ အဖွဲ့ဝင်များဖြစ်သော Yoma Motors (Volkswagen Myanmar, Ducati, Mitsubishi, Shine Ray) မှ မော်တော်ယာဉ်များကို အခမဲ့ ပြုပြင်စစ်ဆေးပေးခြင်း ၊ Pun Hlaing Hospitals မှ အရေးပေါ်ဆေးဝါးများ ပေးခြင်းဖြင့် […]

Memories Group Joins Forces for Myanmar Earthquake Relief

April 10, 2025 The Memories Group team’s efforts were focused on affected communities in Pyaw Bwe, Mandalay, and Sein Pann in the wake of the earthquake. By teaming up with local organisations, they provided mobile medical services, supplied safety equipment to rescue teams, and helped coordinate relief efforts. Their response was supported by the Yoma […]