ပန်းလှိုင်ဆေးရုံမှ ကူညီပံ့ပိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိ

April 16, 2025 ငလျင်လှုပ်ခဲ့သည်မှာ သုံးပတ်နီးပါး ရှိပြီဖြစ်သော်လည်း ငလျင်ဒဏ်သင့် ပြည်သူများအတွက် ခက်ခဲနေဆဲ ဖြစ်ပါသည်။ မန္တလေးမြို့ရှိ ကန်တော်နဒီ ကယ်ဆယ်ရေးစခန်းတွင် ကျွန်ုပ်တို့ ပန်းလှိုင်ဆေးရုံအဖွဲ့သည် ဒေသခံပြည်သူများအား ဆေးဘက်ဆိုင်ရာ ပံ့ပိုးမှုများနှင့် အခြေခံလိုအပ်သည့် ပစ္စည်းများဖြင့် ဆက်လက်ကူညီပေးလျက်ရှိပါသည်။ စောင်၊ အဝတ်အစားနှင့် အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် မိမိတို့နေအိမ်နှင့်ဝေးရာ နေရာ၌ ရက်ကာလများကို ကျော်ဖြတ်နေရသည့် လူနာများကို ပို၍ သက်တောင့်သက်သာ ရှိစေမှာ ဖြစ်ပါသည်။ ပြိုကျပျက်စီးနေသော အဆောက်အဦများနှင့် အမှိုက်သရိုက်များကြားတွင် အကာအကွယ် နည်းပါးစွာဖြင့် လုပ်ကိုင်နေရသည့် ကယ်ဆယ်ရေးသမားများအတွက် ရောဂါပိုးဝင်နိုင်ခြေမှာ အလွန်မြင့်မားပါသည်။ ထို့ကြောင့် ငလျင်လှုပ်ပြီးနောက် အစောပိုင်းကာလတွင်လည်း ကျွန်ုပ်တို့၏ ဆရာဝန်နှင့် သူနာပြုတို့သည် မန္တလေး မီးသတ်ဌာနမှ ကယ်ဆယ်ရေးအဖွဲ့ဝင်များကို မေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါသည်။ ရိုးမလုပ်ငန်းစုနှင့် […]
Pun Hlaing Hospitals: Continuing Community Support

April 16, 2025 It’s been nearly three weeks since the earthquake — but for many, the hardest part has only just begun.At Kan Taw Nadi Rescue Center in Mandalay, our Pun Hlaing Hospitals team continues to provide medical support and distribute essential supplies to those still displaced. Blankets, clothing, and small comforts are helping patients […]