ရိုးမလုပ်ငန်းစုမှ ငလျင်ဘေးဒဏ်သင့် ဘုန်းအိုးကျေးရွာတွင် ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်

ပြီးခဲ့သည့်လတွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှ ၃၆၅ မိုင်အကွာရှိ ဘုန်းအိုးကျေးရွာတွင် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ပြီး အိမ်ခြေ ၈၀% ခန့် ပျက်စီးခဲ့ပါသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာ ရရှိသူနှင့် အသက်ဆုံးရှုံးသူပေါင်း ၂၆၀ မှ ၃၀၀ နီးပါး ရှိခဲ့ပါသည်။
Miki ဦးဆောင်သည့် ကျွန်ုပ်တို့၏ လုပ်အားပေးအဖွဲ့သည် ဘုန်းအိုးရွာရှိ မိသားစုပေါင်း ၁,၅၀၀ ကျော်အတွက် ဆန်၊ ဆီ နှင့် ခေါက်ဆွဲခြောက် အစရှိသည့် စားနပ်ရိက္ခာများကို ဖြန့်ဝေပေးခဲ့ပါသည်။