YKKO နှင့် KFC တို့မှ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိ

မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့များတွင် ရိုးမလုပ်ငန်းစု၏ F&B အဖွဲ့များဖြစ်သည့် YKKO နှင့် KFC တို့ အတူပူးပေါင်း၍ ကူညီထောက်ပံ့ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။
YKKO မှ အစားအစာ၊ သောက်ရေ၊ ဆေးဝါး၊ အဝတ်အစားများအပြင် ကြေးအိုးဆီချက် ပွဲပေါင်း ၁,၀၀၀ ကျော်ကို ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ လိုအပ်သည့် နေရာဒေသများတွင်လည်း ပြုလုပ်သွားမှာ ဖြစ်ပါသည်။ ထို့အပြင် KFC myanmar မှလည်း လူအယောက် ၂၀,၀၀၀ ကျော်အတွက် ကြက်ကြော်နှင့် အခြားအစားအသောက်များကို ငလျင်ဒဏ်သင့် နေရာပေါင်း ၁၉ နေရာတွင် ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါသည်။
ယခုလို ခက်ခဲနေသည့် အချိန်ကာလမျိုးတွင် ပူနွေးလတ်ဆတ်သည့် အစားအစာများသည် အာဟာရဖြစ်စေရုံသာမက အားအင်အပြည်နှင့် ရှေ့သို့ဆက်လက် လျှောက်လှမ်းနိုင်စေရန် အထောက်အကူဖြစ်စေမှာ ဖြစ်ပါသည်။ ရိုးမလုပ်ငန်းစုအနေဖြင့် ဘက်ပေါင်းစုံမှ နည်းမျိုးစုံဖြင့် လိုအပ်သည့် နေရာဒေသများတွင် ဆက်လက်ကူညီပေးသွားမှာ ဖြစ်ပါသည်။