Yoma Land အင်ဂျင်နီယာများ၏ ပါဝင်လှုပ်ရှားမှုများ
ငလျင်ပြီးနောက် ကျန်ရှိနေသည့် အဆောက်အဦးများကို ဘေးကင်းစွာ ဆက်လက်အသုံးပြုနိုင်ခြင်း ရှိ ၊ မရှိကို ခွဲခြားသိရှိရန်မှာလည်း အလွန်အရေးကြီးပါသည်။
ငလျင်လှုပ်ပြီးနောက်ရက်များတွင် ကျွန်ုပ်တို့၏ Yoma Land အင်ဂျင်နီယာအဖွဲ့သည် မန္တလေးသို့သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီလျက်ရှိပါသည်။ အဆောက်အဦများ၏ လုံခြုံမှုကို အကဲဖြတ်ခြင်း၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ဖော်ထုတ်ခြင်းနှင့် ပြည်သူများအား လိုအပ်သည့် အကြံဥာဏ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ပြီးခဲ့သည့် ရက်များမှစ၍ Yoma Land အဖွဲ့ဝင်များသည် အဆောက်အဦများ၏ ဖွဲ့စည်းပုံ၊ အက်ကြောင်းများ၏ အရွယ်အစားတိုင်းတာခြင်းများအပြင် အဆောက်အဦများ၏ ထိခိုက်ပျက်စီးမှုအပေါ် မူတည်ပြီး ဆက်လက်အသုံးပြုနိုင်သော ၊ ထပ်မံစစ်ဆေးရန်လိုသော ၊ ပြန်လည်ပြင်ဆင်ရန်လိုသော စသည်ဖြင့် ခွဲခြားသတ်မှတ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။ ထို့အပြင် နေထိုင်သူများ၏ နေ့စဥ်ဘေးကင်းလုံခြုံရေးအတွက် နံရံများ၊ မျက်နှာကြက်များနှင့် အဆောက်အအုံ မျက်နှာစာများကိုပါ စစ်ဆေးပေးခဲ့ပါသည်။
Yoma Land အနေဖြင့် မိမိတို့၏ တတ်ကျွမ်းရာ အတတ်ပညာဖြင့် ဒေသခံပြည်သူများကို တစ်ဖက်တစ်လှမ်းမှ ကူညီလျက် ရှိပါသည်။