Yoma Heavy Equipment မှ ငလျင်ပြီးနောက် ကျန်ရှိသည့် အပျက်အစီးများကို ကူညီရှင်းလင်းခြင်းဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိ

April 24, 2025 ငလျင်ပြီးနောက် ရက်သတ္တပတ်များအတွင်း Yoma Heavy Equipment အဖွဲ့သည် ငလျင်ဒဏ်သင့်ဒေသများသို့ သွားရောက်ပြီး အပျက်အစီးများ ရှင်းလင်း၍ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ စာသင်ကျောင်းများ၊ ဈေးဆိုင်များ၊ ပုဂ္ဂလိက ဆေးရုံများ၊ ဘုန်းကြီးကျောင်းများနှင့် လူနေရပ်ကွက်များတွင် ကျွန်ုပ်တို့၏ အဖွဲ့သားများသည် ရပ်ရွာလူထု ပြန်လည်ထူထောင်နိုင်ရေးအတွက် နေရာအလိုက် စနစ်တကျ လုပ်ဆောင်လျက်ရှိပါသည်။ထိုသို့ အပျက်အစီးများ ရှင်းလင်းခြင်းဖြင့် စာသင်ကျောင်းများတွင် ကလေးသူငယ်များ ကျောင်းပြန်တက်နိုင်ခြင်း၊ ဈေးဆိုင်များ ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ခြင်းဖြင့် ဒေသခံများမှ နေ့စဉ်အသက်မွေးဝမ်းကြောင်းများကို ပြန်လည်စတင်နိုင်ခြင်း၊ ဆေးရုံများမှ ဒဏ်ရာရသူများကို ကုသမှုပေးနိုင်မည့်အပြင် ငလျင်ဒဏ်သင့်ပြည်သူများလည်း ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနိုင်မှာ ဖြစ်ပါသည်။ဒေသခံပြည်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွင် တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီပေးနိုင်သည့်အတွက် ကျွန်ုပ်တို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ဆက်လက်ဆောင်ရွက်သွားမည့် ပြန်လည်ထူထောင်ရေး […]
Yoma Heavy Equipment Continues Supporting Debris Removal and Recovery

April 24, 2025 In the weeks following the earthquake, Yoma Heavy Equipment has remained actively engaged on the ground,helping to clear debris and restore access in some of the hardest-hit areas.From schools and local markets to private hospitals, monasteries, and residential neighborhoods, our teams have been working site by site to create safer spaces for […]